ရှန်ဟိုင်းမြို့တွင် ပုံမှန်ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု စနစ်တကျ ဖေါ်ဆောင်နေ

(GMT+08:00)2022-05-17 16:18:31  

လက်ရှိအချိန်တွင် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး မေလ ၁၆ ရက်နေ့မှစ၍ ရှန်ဟိုင်းမြို့တွင် ကုန်သွယ်ရေး လုပ်ငန်းနှင့် ဈေးကွက်များ နာလန်ပြန်ထူရေးကို စနစ်တကျ ဖေါ်ဆောင်ပြီး ဇွန်လအလယ်ပိုင်းမှ လကုန်ပိုင်းအထိ ရှန်ဟိုင်းတစ်မြို့လုံးတွင် ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု စနစ်တကျ ဘက်စုံ ဖေါ်ဆောင်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။