ဒီဂျစ်တယ်နည်းပညာက သက်ကြီးရွယ်အိုများအား ပိုမိုကောင်းမွန်သော ဘဝရရှိစေရန် ကူညီပေးလျက်ရှိ

(GMT+08:00)2022-05-17 16:35:09  

မေလ ၁၇ ရက်နေ့သည် ကမ္ဘာ့ဆက်သွယ်ရေးနေ့ဖြစ်ပြီး၊ ယခုနှစ်၏ ဆောင်ပုဒ်မှာ "သက်ကြီးရွယ်အိုများနှင့် ကျန်းမာသော အိုမင်းမှုကို ရှေးရှုသော ဒီဂျစ်တယ် နည်းပညာ" ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များက တရုတ်ဒေသများစွာတွင် သက်ကြီး ရွယ်အိုများအတွက် နည်းပညာကို တက်ကြွစွာ စူးစမ်းလေ့လာပြီး ဆံပင်ဖြူ သက်ကြီး ရွယ်အိုများအား "ဒီဂျစ်တယ် ကွာဟမှု" ဖြတ်ကျော်ကာ၊ ပိုမိုအဆင်ပြေသော သက်ကြီးရွယ်အိုဘဝ ခံစားနိုင်ရန် ကူညီပေးလျက်ရှိသည်ဟု သတင်းအရ သိရသည်။