နင်ပိုမြို့မှာ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ အီရန်လူငယ်လေးအီစန်က တရုတ်ကိုအကျိုးပြုချင်တယ်လို့ဆို

(GMT+08:00)2022-05-17 16:06:02  

အသက် ၃၁ နှစ်အရွယ် အီရန်နိုင်ငံသားအီစန်သည် တရုတ်နိုင်ငံကျက်ကျန်းပြည်နယ် နင်ပိုမြို့တွင် ၈ နှစ်ကြာနေထိုင်ခဲ့ပြီး ဒေသခံဘဝတွင် အပြည့်အ၀ ပေါင်းစည်းခဲ့ပြီးဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်နောက်ပိုင်း လူအများအတွက် တစ်ခုခုလုပ်ပေးနိုင်သည်ဟု သူခံစားရသောကြောင့် စေတနာ့ ဝန်ထမ်းအဖြစ် ရပ်ကွက်သို့ လျှောက်ထားခဲ့ပြီး နောက်ဆုံးတွင် ဒေသခံ နျူကလိစ်အက်ဆစ် စမ်းသပ် သည့်နေရာ၌ အလုပ်လုပ်ရန် စီစဉ်ခဲ့သည်။ ဒေသခံများက အလွန်ပူးပေါင်းဆောင်ရွက်တတ်ကြောင်း တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးမှ သူ့ကို နိုင်ငံခြားသားတစ်ဦးဖြစ်သည်ဟု သိရင် သူ့ကို လက်မထောင်ပြ တတ်ကြောင်း အီစန်က ပြောကြားသည်။