ဟောင်ကောင်ကို သရုပ်ပျက်အောင် ကန်နိုင်ငံရေးသမား၏ ချိုးချိုးဖဲ့ဖဲ့ ပြောဆိုခြင်း နှင့်ပတ်သက်၍ တရုတ်တုံ့ပြန်

(GMT+08:00)2022-05-17 16:37:11  

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပေလိုဆီက မကြာခင်က ထုတ်ပြန်ခဲ့သော ဟောင်ကောင်ဆိုင်ရာ ပြောဆိုချက်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက လက်ရှိအချိန်တွင် အမေရိကန်၌ ငွေကြေး ဖောင်းပွမှု ပြင်းထန်နေပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လူ တစ်သန်းကျော် သေဆုံးကာ သေနတ်ပစ်ခတ်မှု အပါအဝင် အကြမ်းဖက် ပြစ်မှုကျူးလွန်မှု ကြိမ်ဖန်များစွာ ဖြစ်ပွားနေကြောင်း၊ ပေလိုဆီသည် အချိန်နှင့် ခွန်အားရှိရင် ဟောင်ကောင်ကို အာရုံမထားဘဲ ကိုယ့် အရေးကိစ္စ များကို အာရုံးစူးစိုက်ရန် အကြံပေးချင်ပါကြောင်း ယမန်နေ့ ၁၆ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။