ယခုတလော ကန်တွင် သေနတ်ဆိုင်ရာ အကြမ်းဖက်မှုများ ကြိမ်ဖန်များစွာ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကန်အစိုးရသည် ထိရောက်သောနည်းလမ်းဖြင့် သေနတ်ဆိုင်ရာ အကြမ်းဖက်မှုပြဿနာကို ဖြေရှင်းသင့်သည်ဟု တရုတ် ဆို

(GMT+08:00)2022-05-17 16:32:42  

ယခုတလော အမေရိကန်၌ သေနတ်ဆိုင်ရာ အကြမ်းဖက်မှုများ ကြိမ်ဖန်များစွာ ဖြစ်ပွားခြင်း အခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျမ်းက အမေရိကန်အစိုးရသည် ပြည်သူများအား တာဝန်ယူသော သဘောထားဖြင့် ထိရောက်သောနည်းလမ်းဖြင့် သေနတ်ဆိုင်ရာ အကြမ်းဖက်မှု ပြဿနာများကို ဖြေရှင်းသင့်ကြောင်း ၁၆ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အမေရိကန် နယူးယောက်ပြည်နယ် Buffalo မြို့၌ ၁၄ ရက်နေ့က ပြင်းထန် ဆိုးဝါးသော သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၁၀)ဦးထက် မနည်းသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အမေရိကန် Wisconsin ပြည်နယ် Milwaukee မြို့၌ ၁၃ ရက်နေ့က (၁၂)နာရီအတွင်း သေနတ်ပစ်ခတ်မှု (၁၀)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။