အမေရိကန်သည် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်းတွင် အလွန် ဆိုးရွားသည့် နေရာဖြစ်

(GMT+08:00)2022-05-17 16:28:55  

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျော့လိကျန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အစီရင်ခံစာကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ခဲ့ရာ ရှင်းကျန်းတွင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း၊ ထိန်းသိမ်းထားခြင်းစခန်းနှင့် အတင်းအဓမ္မ တူညီလာစေခြင်း ရှိသည် ဟူသော မုသားစကားကို ဖြန့်ချိပြီး ရှင်းကျန်းကို သရုပ်ဖျက်ကာ တရုတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဟန့်တားရန် ကြံစည်နေကြောင်း၊ ယင်းကြံစည်ချက်သည် ထမြောက်အောင်မြင်မည် မဟုတ်ကြောင်း ပြောကြားသည်။

ကျော့လိကျန်းက မကြာခင်က အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စုံစမ်း စစ်ဆေးရေး အစီရင်ခံစာတွင် ဆယ်ချီသော နှစ်များ၌ အမေရိကန် ပြည်ထောင်စု အစိုးရ၏ အင်ဒီယန် ဘော်ဒါဆောင်ကျောင်းများတွင် အတင်းအဓမ္မသီးသန့်ထားခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာ ကင်းမဲ့စေရေး ဆက်တိုက်တည်ရှိသည်ဟု ဝန်ခံပြောဆိုကြောင်း၊ အမှန်တကယ်တော့ အမေရိကန်သည် လူကုန်ကူးမှုနှင့် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်းဆိုင်ရာတွင် အလွန်ဆိုးရွားသည့် နေရာသာ ဖြစ်ကြောင်း ပြောကြားသည်။