အာရပ်စော်ဘွားများနိုင်ငံသမ္မတဟောင်း ဟာလီဖှာ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ ရှီကျင့်ဖိန်က သမ္မတသစ် မူဟန်မွန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-05-16 14:50:24  

မေလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများ နိုင်ငံသမ္မတဟောင်း ဟာလီဖှာ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ အသစ်ရွေးချယ် ခံရသည့် သမ္မတမူဟန်မွန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား ၄င်း၏ အမည်ဖြင့် သမ္မတ ဟာလီဖှာ ကွယ်လွန်သွားခြင်းအပေါ် လေးနက်စွာ ကြေကွဲဝမ်းနည်းမိကြောင်း၊ သမ္မတ ဟာလီဖှာ၏ ကျန်ရစ်သူမိသားစုနှင့် အာရပ်စော်ဘွားများနိုင်ငံ ပြည်သူ များအား ဖြူစင်ရိုးသားစွာ နှစ်သိမ့်အားပေးကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။