အာရပ်စော်ဘွားများနိုင်ငံသမ္မတသစ် မူဟန်မွတ်အား ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ရှီကျင့်ဖိန် ပေးပို့

(GMT+08:00)2022-05-16 14:49:44  

မေလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများ နိုင်ငံ၏ အသစ်ရွေးချယ်ခံရသည့် သမ္မတ မူဟန်မွန် ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ ပါသည်။

  ရှီကျင့်ဖိန်က တရုတ်နှင့် အာရပ်စော်ဘွားများနှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်ဖက်ဆက်ဆံမှု ဘက်စုံ နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ နှစ်ဖက် တို့သည် အဓိကကျသော အကျိုးစီးပွားဆိုင်ရာနှင့် အလေးထားကြသော ကိစ္စရပ်များနှင့်ပတ်သက်၍ အမြဲ အပြန်အလှန် ခိုင်မာပြတ်သားစွား ထောက်ခံအားပေးနေကြကြောင်း၊ နယ်ပယ်အသီးသီးတွင် နှစ်ဖက်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုး ရလဒ်များစွာ ရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အတူတိုက်ဖျက်ရာတွင် အောင်မြင်မှု သိသာ စွာ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်မှု နက်ရှိုင်းလာကြောင်း၊ မိမိအနေနှင့် တရုတ်-အာရပ်စော်ဘွားများနိုင်ငံ ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး နှစ်ဖက်ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းလာစေကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းမြေ့သုခအတွက် သမ္မတ မူဟန်မွန်နှင့် အတူ ဆက်လက် ကြိုးပမ်း အားထုတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြပါသည်။