၉၀၃၂မီတာ၊ တရုတ်သိပ္ပံပညာရှင်များသည် လေသင်္ဘော(Floating boat)ဖြင့် လေထုကို သိပ္ပံပညာ စူးစမ်းလေ့လာရေး ကမ္ဘာ့စံချိန်သစ်တင်

(GMT+08:00)2022-05-15 13:16:46  

"Peak Mission"ချူမူလန်မာ တောင်ထိပ် သိပ္ပံပညာ စူးစမ်းလေ့လာရေး ရှေ့တန်းရောက် ဦးစီးဌာနမှသတင်းအရ မေလ ၁၅ရက်နေ့ လင်းအားကြီးအချိန် ၁ နာရီ ၂၆ မိနစ်တွင် တရုတ်နိုင်ငံ ကိုယ်ပိုင် သုတေသနပြု ထုတ်လုပ်သော “Jimu-၁” အမျိုးအစား လေသင်္ဘောသည် ပင်လယ်မျက်နှာပြင်အထက် မီတာ ၄၃၀၀ရှိ သိပ္ပံပညာ စူးစမ်း လေ့လာရေးစခန်းမှ ချောမောအောင်မြင်စွာ လွှတ်တင်ခဲ့ပြီး တစ်မိနစ်လျှင် ပျမ်းမျှမြန်နှုန်း မီတာ ၃၀ဖြင့် မြင့်တက်ကာ၊ ၄ နာရီမိနစ် ၄၀တွင် ပင်လယ်မျက်နှာပြင်အထက် ၉၀၃၂မီတာအထိ တက်သွားခဲ့ပြီး ၈၈၄၈.၃၆မီတာ ဖြစ်သည့် ချူမူလန်မာ တောင်ထိပ်ကို ကျော်၍ လေသင်္ဘောဖြင့် လေထုကို သိပ္ပံပညာ စူးစမ်းလေ့လာရေး ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါသည်။