ဟေလုံကျန်ပြည်နယ် နင်အန်းတွင် မီးတောင်ကျောက်မြေပေါ်တွင် ဆန်စပါးများ စိုက်ပျိုး

(GMT+08:00)2022-05-15 13:14:55  

ယခု တရုတ်နိုင်ငံ ဟေလုံကျန်ပြည်နယ်သည် နွေဦး ထွန်ယက်ချိန် ဝင်ရောက်နေပြီ။ ယခုနှစ် ဟေလုံကျန်ပြည်နယ် သီးနှံများ စိုက်ပျိုးရာတွင် စက်ယန္တရားများ အသုံးပြုမှုနှုန်းမှာ ၉၈ ရာခိုင်နှုန်းကျော် ရှိပါပြီ။ စက်ယန္တရားများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် တစ်ချိန်တည်းတွင် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကိုလည်း အလေးထား ဆောင်ရွက်နေပါသည်။


ဟေလုံကျန်ပြည်နယ် နင်အန်းမြို့ ကျေးလက်ဒေသများ၌ မီးတောင်ကျောက် မြေပေါ်တွင် ဆန်စပါးများ စိုက်ပျိုးနေပါသည်။ လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်တုန်းက ယင်းနေရာ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်များ ပေါကြွယ်ပြီး ထူးခြားသော မီးတောင်ကျောက်မြေများ ဖြစ်တည်လာစေပါသည်။ မီးတောင်ကျောက် မြေပေါ်တွင် ဆန်စပါးများ စိုက်ပျိုးရာ၌ မြေသြဇာကောင်းမွန်လို့ သီးနှံအထွက် လွန်စွာကောင်းမွန်နိုင်မည်ဟု China Media Group မှ သတင်းအရ သိရပါသည်။