တရုတ်-ကရိုအေးရှား သံတမန်ဆက်ဆံမှု ထားရှိခြင်း နှစ် ၃၀ ပြည့်၊ နှစ်နိုင်ငံခေါင်းဆောင်များ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2022-05-14 11:39:37  

တရုတ်-ကရိုအေးရှား သံတမန်ဆက်ဆံမှု ထားရှိသည့် နှစ် ၃၀ ပြည့်မြောက်နေ့ ဖြစ်သည့် မေလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ကရိုအေးရှား သမ္မတ မီလာနိုဗစ်က်တို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့ ခဲ့ကြကြောင်းChinaMediaGroup မှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်က တရုတ်-ကရိုအေးရှား သံတမန်ဆက်ဆံမှု ထားရှိသည့် နှစ် ၃၀ အတွင်း နှစ်ဖက်တို့သည် အစဉ်တစိုက် အပြန်အလှန်လေးစားပြီး တန်းတူရည်တူ ဆက်ဆံခဲ့ကြကြောင်း၊ နှစ်ဖက်တို့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံတို့သည် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှု ခိုင်မာပြီး Belt and Roadတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သော အောင်ကျိုးရလဒ်များ ရရှိကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ခဲ့ကြောင်း ဖေါ်ပြပါသည်။

မီလာနိုဗစ်က်က ကရိုအေးရှား-တရုတ် သံတမန်ဆက်ဆံမှု ထားရှိသည့်နောက်ပိုင်း နှစ်နိုင်ငံတို့သည် နယ်ပယ်အသီးသီး၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အကျိုးသက်ရောက်မှု ထင်ရှားကြောင်း၊ နှစ်ဖက်တို့သည် ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး မိတ်ဘက်ဆက်ဆံမှုကိုနက်ရှိုက်စေ၍ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတိုးချဲ့ကာ နှစ်နိုင်ငံဆက်ဆံမှုတွင် အောင်ကျိုးရလဒ်သစ်များ အဆက်မပြတ်ရရှိနိုင်မည်ဟုယုံကြည်ကြောင်းဖေါ်ပြပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်နှင့် ကရိုအေးရှားဝန်ကြီးချုပ် ပလျန်ကိုဗစ်က်တို့သည်လည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြောင်းသတင်းသိရပါသည်။