ယခုနှစ် ပထမ လေးလအတွင်း တရုတ်နိုင်ငံ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂၀့ ၅ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2022-05-14 11:17:46  

  တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဒီလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ ဒီနှစ် ပထမ လေးလအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ယွမ် ၄၇၈့ ၆၁ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၂၀့ ၅ ရာခိုင်နှုန်း တိုးလာပါတယ်။ အဲဒါတွေထဲမှာ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျာမဏီတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ၇၆့ ၃ ရာခိုင်နှုန်း၊ ၅၃့ ၂ ရာခိုင်နှုန်း၊ ၈၀့ ၎ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့တယ်။ အဆင့်မြင့် သိပံ္ပနည်းပညာ လုပ်ငန်းနယ်ပယ်များမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၄၅့ ၆ ရာခိုင်နှုန်း တိုးလာပြီး ၂၅့ ၁ ရာခိုင်နှုန်း ဖြစ်တဲ့ ပျမ်းမျှ တိုးတက်နှုန်းထက် ပိုမြင့်ပါတယ်။ အဲဒါဟာ တရုတ်ပြည် သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်စွမ်းအား မြှင့်တင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆွဲဆောင်မှုစွမ်းအားကောင်းကို ပြသနေပါတယ်။ သက်ဆိုင်ရာ စာရင်းအရ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ ပညာမူပိုင်ခွင့်အဖွဲ့က ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ ဆန်းသစ်တီထွင်ရေး ဂိန်းညွှန်း စာရင်းဇယားမှာ တရုတ်နိုင်ငံက ၁၂ နေရာသို့ မြင့်တက်လာပြီလို့ သိရပါတယ်။

   ဒီနှစ် ပထမ လေးလအတွင်း တရုတ်ပြည်မှာ အသစ်တိုးလာခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိတဲ့ လုပ်ငန်းစဉ်ကြီး ပမာဏဟာ ၁၈၅ ခု ရှိပါတယ်။ တစ်နည်းပြောတာ နေ့စဉ် ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းစဉ်ကြီး ၁့ ၅ ခု ရှိပါတယ်။ အဲဒါဟာ တရုတ်ပြည်ဈေးကွက်များရဲ့ ဆွဲဆောင်မှု အရှိန်အဟုန် တိုးတက်လာခြင်းကို သက်သေပြနေပါတယ်။

   PWC မှ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ တရုတ်ပြည် ဈေးကွက်များနဲ့ စီးပွားရေး တိုးတက်ခြင်းတို့ဟာ နိုင်ငံဖြတ်ကျော် ကုမ္ပဏီများကို ဆွဲဆောင်နိုင်ခဲ့တဲ့ အဓိက အကြောင်းရင်း နှစ်ခု ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒါဟာ တရုတ်ပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ကောင်းမွန်စွာ တိုးတက်လာနေတဲ့ သော့ချက်ကျ အကြောင်းရင်းပဲ ဖြစ်ပါတယ်။

   တရုတ်ပြည် ဖွင့်ထားတဲ့တံခါးဟာ ပိတ်သွားမှာ မဟုတ်ဘဲ ကြီးသည်ထက်ကြီးအောင် ဖွင့်သွားမှာသာ ဖြစ်ပါတယ်။ အဲဒါဟာ တရုတ်ပြည်ရဲ့ ခိုင်ခံ့တဲ့ ကတိပြုချက် ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။