တရုတ်-ကရိုအေးရှားသံတမန်ဆက်ဆံရေး ထားရှိခဲ့ခြင်း နှစ် ၃၀ပြည့်၊ ဝမ်ယိသည် ကရိုအေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2022-05-14 18:01:58  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၁၃ ရက်နေ့က ကရိုအေးရှား နိုင်ငံခြားရေးဝန်ကြီး လာတယ်မန်နှင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သော နှစ် ၃၀ ပြည့်မြောက်ခြင်းကို ထောမနာပြုခဲ့ကြကြောင်း China Media Group မှ သတင်းအရိပါသည်။

ဝမ်ယိသည် တရုတ်-ကရိုအေးရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သော နှစ် ၃၀ အတွင်း နှစ်ဘက်ဆက်ဆံရေးသည် တည်ငြိမ်တက်ကြွစွာတိုးတက် ရေးအရှိန်ကို ထိန်းထားပြီး နှစ်နိုင်ငံ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ မိမိသည် နိုင်ငံခြားရေးဝန်ကြီး လာတယ်မန်နှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်တို့ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုများကို ကောင်းမွန်စွာ လက်တွေ့ ဖေါ်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်းဖေါ်ပြခဲ့ပါသည်။