၂၀၂၂ တရုတ်-ဥရောပ လူ့အခွင့်အရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00)2022-05-13 18:58:42  

ယခုလ ၁၀ရက်နေ့က ၂၀၂၂ တရုတ်-ဥရောပ လူ့အခွင့်အရေး နှီးနှောဖလှယ်ပွဲကို ချောမောအောင်မြင်စွာ ကျင်းပခဲ့သည်။ နှီးနှောဖလှယ်ပွဲကို တရုတ် လူ့အခွင့်အရေး လေ့လာရေးအဖွဲ့၊ သြစတြီးယားနိုင်ငံ သြစတြီးယား-တရုတ် ချစ်ကြည်ရေးအသင်းတို့ ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ “သိပ္ပံနည်းပညာနှင့် လူ့အခွင့်အရေး”ဖြစ်သည်။ တရုတ်ပြည် ဝူဟန့်မြို့နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်တွင် နှီးနှောဖလှယ်ပွဲ ကျင်းပရာ နေရာများကို ထားရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အဆင့်မြင့် မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်၊ တရုတ်၊ သြစတြီးယား၊ ဗြိတိန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဂရိနှင့် စပိန် စသည့် နိုင်ငံများမှ လူ့အခွင့်အရေး နယ်ပယ်မှ ပညာရှင် ၁၀၀ကျော်သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း အသွင်ပုံစံဖြင့် သိပ္ပံနည်းပညာ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။