သြစတြေးလျရှိ နိုင်ငံရေးသမားတစ်ချို့သည် အဖြူအမည်း ပြောင်းပြန်လုပ်ခြင်း၊ သူခိုးက လူပြန်ဟစ်နေခြင်းကို ရပ်တန့်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-05-13 15:46:38  

သြစတြေးလျဝန်ကြီးချုပ်၏ တရုတ်နိုင်ငံဆိုင်ရာ မှားယွင်းသောမှတ်ချက်စကားအား တုံ့ပြန်သည့်အနေဖြင့် ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဆော်လမွန်ကျွန်းစုနှင့် တရုတ်နိုင်ငံ၏ လုံခြုံရေးပူးပေါင်း ဆောင်ရွက် မှုသည် ပွင့်လင်းမြင်သာပြီး ရိုးသားဖြောင့်မတ်ကာ တရားနည်းလမ်းကျ၍ ပြစ်တင်စရာ မရှိကြောင်း၊ ဩစတေးလျရှိ နိုင်ငံရေးသမားတစ်ချို့သည် အဖြူအမည်း ပြောင်းပြန်လုပ်ခြင်း၊ သူခိုးက လူပြန်ဟစ်နေခြင်းကို ရပ်တန့်သင့်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။