အမေရိကန်သည် သမိုင်းမှ သင်ခန်းစာယူပြီး လူမျိုးရေးခွဲခြားမှု ဝါဒကို လက်တွေ့ကျ ဖယ်ရှားသင့်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-13 15:51:45  

အင်ဒီယန်လူမျိုး ဘော်ဒါနေကျောင်း၏ အတွင်းရေးနှင့်ပတ်သက်၍ အမေရိကန် အစိုးရထုတ်ပြန်သည့် အစီရင်ခံစာကို ရည်ရွယ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံသည် သမိုင်းမှ သင်ခန်းစာယူပြီး လူမျိုးရေးခွဲခြားမှု ဝါဒကို လက်တွေ့ကျ ဖယ်ရှားခြင်းဖြင့် လူ့အခွင့်အရေးဆိုင်ရာ ကြေကွဲစရာများကို ထပ်ခါတလဲလဲ ပြန်လည်ဖြစ်ပွားခြင်းကို ရှောင်ရှားသင့်ကြောင်း မေလ ၁၂ရက်နေ့က ကျင်းပသောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။