တရုတ် အမြုတေအကျိုးစီးပွားနှင့်ပတ်သက်၍ ကန်အား မီး မကစားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

(GMT+08:00)2022-05-13 15:52:27  

မေလ ၁၂ ရက်နေ့က တရုတ်နိုင်ငံနှင့်ပတ်သက်သော အမေရိကန်အရာရှိ၏ ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန် နိုင်ငံအား ပူးပေါင်းဆောင်ရွက်ရေးကို အကြောင်းပြုပြီး ဘက်လိုက်မှု မလုပ်သင့်ကြောင်း၊ တရုတ်နိုင်ငံ၏ အမြုတေအကျိုးစီးပွားနှင့်ပတ်သက်၍ မီး ကစားမှု မလုပ်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းသူ Kurt Campbell က အမေရိကန်နိုင်ငံနှင့် အာဆီယံအဖွဲ့အကြား ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ရင်းနှီးမြှုပ်နှံရေးနှင့် ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်း ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းရှာကြံရန် မျှော်လင့်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို ဆက်လက်စွဲကိုင်ထားပြီး ထိုင်ဝမ်သီးခြားတည်ရှိရေးကို ထောက်ခံမည် မဟုတ်ဘဲ ရန်စမှု ပြုလုပ်ရန် ဆန္ဒ မရှိကြောင်း၊ သို့သော်လည်း ရန်စမှု တားဆီးရေးအတွက် ဆန္ဒ ဖော်ပြရန် မျှော်လင့်ကြောင်း မေလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။