တရုတ်အပေါ် ထပ်တိုးလာသော အကောက်အခွန်များ ဖျက်သိမ်းခြင်းသည် အမေရိကန် စားသုံးသူများနှင့် လုပ်ငန်းကုမ္ပဏီများ၏ အခြေခံ အကျိုးစီးပွါးများနှင့် ကိုက်ညီ၍ဖြစ်ကြောင်း တရုတ်ဆို

(GMT+08:00)2022-05-13 15:46:14  

တရုတ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များကို ပြန်လည်သုံးသပ်ရေး အစီအစဉ်များကို စတင် ဆောင်ရွက်နေပြီး ကန်ဘက်သည် တရုတ်နိုင်ငံအပေါ် ထပ်တိုးလာသော အကောက်ခွန် များအား လျှော့ချရန် အကဲဖြတ်နေသည်ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက မကြာမီက ကြေညာခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က အမေရိကန်သည် တရုတ်အပေါ် ထပ်တိုးလာသော အကောက်ခွန်များ ဖျက်သိမ်းခြင်းဆိုသည်မှာ အမေရိကန် စားသုံးသူများနှင့် လုပ်ငန်းကုမ္ပဏီများ၏ အခြေခံ အကျိုးစီးပွါးများနှင့် ကိုက်ညီ၍ဖြစ်ပြီး အမေရိကန်ဖြစ်စေ၊ တရုတ်နိုင်ငံ ဖြစ်စေ၊ တစ်ကမ္ဘာလုံးဖြစ်စေ အကျိုးရှိကြောင်း ယခုလ ၁၂ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မျက်မှောက်အချိန်တွင် တရုတ်-အမေရိကန် နှစ်ဖက်မှ စီးပွါးကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့များသည် ပုံမှန် ဆက်သွယ်နေကြောင်း သိရပါသည်။