ပီကင်းမြို့တွင် ပြန်လည်အသုံးပြုနိုင်သော အမြန်ချောသေတ္တာများကို ဖြန့်ချိသုံးစွဲနေ

(GMT+08:00)2022-05-13 15:49:15  

    SF Express မှ တီထွင်ထုတ်လုပ်သော ပြန်လည်အသုံးပြုနိုင်သော အမြန်ချောသေတ္တာ အသစ်တစ်မျိုးကို မကြာမီက ပီကင်းမြို့တွင် ဖြန့်ချိအသုံးပြုနေကြောင်း၊ အဆိုပါ “π-box”ဟု ခေါ်သော သေတ္တာမျိုးသည် အကြိမ် ၇၀ထက်မနည်း ပြန်လည်သုံးစွဲနိုင်ပြီး သေတ္တာတစ်ခုလုံး၏ ၉၆ ရာခိုင်နှုန်းသည် ပြန်လည်သုံးစွဲနိုင်သော ပစ္စည်းနှင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အမြန်ချောပို့သူများသည် ပစ္စည်း ပေးပို့ပြီးနောက် ယင်းသေတ္တာများကို သိမ်းယူကာ ပြန်လည်အသုံးပြုကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။