ကုလလူ့အခွင့်အရေးကောင်စီသည် ယူကရိန်းပြဿနာဆိုင်ရာ အထူးအစည်းအဝေးကျင်းပ

(GMT+08:00)2022-05-13 15:49:58  

ဒေသစံတော်ချိန် မေလ ၁၂ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယူကရိန်းပြဿနာဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂ ဂျီနီဗါဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ချိန်ရှုသည် ဘက်အသီးသီးတို့အား ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို အတူတကွ ထောက်ခံပြီး ဘုံတူ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးသဘောထားဖြင့် ညီမျှသော၊ ထိရောက်သော၊ ရေရှည်တည်တံ့သော တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း လုံခြုံရေးစနစ်ကို အတူတကွ ထူထောင်ရန် တိုက်တွန်းကြောင်း၊ စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒကို စွဲကိုင်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်အောင် အတူတကွ တွန်းအားပေးရန် ပန်ကြားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။