အရှေ့တောင်အာရှတွင် ကန်၏ ပြစ်မှုကျူးလွန်မှု မရေမတွက်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-12 16:33:31  

ကမ္ဘောဒီးယားနိုင်ငံတွင် အမေရိကန် အကြီးစား ဗုံးတစ်လုံး တွေ့ရှိသည်ဟု ကမ္ဘောဒီးယား မီဒီယာများ၏ ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ မေလ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သက်ဆိုင်ရာစာရင်းအရ ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားခဲ့သည့် အချိန်ကာလတွင် အမေရိကန်နိုင်ငံသည် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား စသည့် အရှေ့တောင်အာရှနိုင်ငံများ၌ Cluster ဗုံးနှင့် ဇီဝဓာတုလက်နက်များကို အသုံးပြုခဲ့သဖြင့် ပြစ်မှုကျူးလွန်မှု မရေမတွက်နိုင်ဘဲ ကြောက်ဖွယ်ကောင်းလှကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ နန်းတော်မျက်နှာချင်းဆိုင်တွင် အလေးချိန်၁တန်၊ ယမ်းဘီလူး ကီလိုဂရမ် ၅၀၀ခန့်ရှိသော အမေရိကန် အကြီးစား ဗုံးတစ်လုံးကို မကြာမီက တွေ့ရှိခဲ့သည်ဟု ကမ္ဘောဒီးယားမီဒီယာများက ရေးသားဖော်ပြကြပါသည်။