ကန် နိုင်ငံရေးခြယ်လှယ်လျှင် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ဖြစ်လိမ့်မည်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-12 16:31:48  

မေလ ၁၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး အဖြစ်မှန်ရှင်းတမ်းကို မေလ ၅ရက်နေ့က ပြင်ဆင်မွမ်းမံခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ ဝေဖန်သုံးသပ်မည်နည်းဟု မေးမြန်းခဲ့ပါသည်။

၎င်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ကမ္ဘာပေါ်တွင် One China ပင် ရှိကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပိုင်နက် နယ်မြေတွင် ခွဲ၍ မရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံကို ကိုယ်စားပြုနိုင်သည့် တစ်ခုတည်းသော တရားဝင် အစိုးရဖြစ်ကြောင်း၊ ၄င်းမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေးမူဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ပြဿနာနှင့် ပတ်သက်၍ နိုင်ငံရေး ခြယ်လှယ်ပြီး ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်း လက်ရှိအခြေအနေကို ပြောင်းလဲရန် လုပ်ရပ်မှာ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ဖြစ်လိမ့်မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ ပါသည်။