အမေရိကန်အား"ကူးစက်မှုသန်း၁၀၀" ခန့်မှန်းချက်သည် ကံမကောင်းသည့် အဖြစ်မှန်အဖြစ်သို့ မရောက်စေရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဆို

(GMT+08:00)2022-05-12 16:25:25  

အမေရိကန်သည် ယခုနှစ် ဆောင်းဦးနှင့် ဆောင်းရာသီတွင် ပြင်းထန်သော ကူးစက်ရောဂါ ကာကွယ်ရေး အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား သန်း၁၀၀သည် ကိုဗစ်-၁၉ ကူးစက်ခံရဖွယ်ရှိကြောင်း အမေရိကန် အစိုးရအကြီးတန်းအရာရှိက မကြာခင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ၁၁ရက်နေ့က ယင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်ဘက်သည် အမေရိကန်ပြည်သူတွေကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသောဒုက္ခများအတွက် စာနာကြောင်း၊ အမေရိကန်ဘက်အား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို အလေးထားပြီး "ကူးစက်မှုသန်း၁၀၀" ခန့်မှန်းချက်သည် ကံမကောင်းသည့် အဖြစ်မှန်အဖြစ်သို့ မရောက်စေရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။