ဆော်လမွန်ကျွန်းစုတွင် တရုတ်က စစ်အခြေစိုက်စခန်း ဆောက်မလား၊ သတင်းအတုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-12 16:24:21  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုတွင် စစ်အခြေစိုက်စခန်းကို တည်ဆောက်ခြင်း ဟူသော ပြောဆိုချက်သည် ရည်ရွယ်ချက်ရှိသောလူအနည်းစုက ဖန်တီးသော သတင်းအတုဖြစ်ကြောင်း ၁၁ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။

သတင်းများအရ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပေအိမ်သည် မကြာသေးမီက ဆော်လမွန်ကျွန်းစု နိုင်ငံခြားရေးဝန်ကြီး မာနေလယ်နှင့် တွေ့ဆုံစဉ်တွင် သြစတြေးလျသည် ဆော်လမွန်ကျွန်းစု၏ အချုပ်အခြာအာဏာ ဆုံးဖြတ်ချက်ကို အစဉ်တစိုက်လေးစားကြောင်း၊ သို့သော တရုတ်-ဆော်လမွန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် ပွင့်လင်းမြင်သာမှု မရှိခြင်းအတွက် အလွန် စိုးရိမ်မိ ကြောင်း ပြောကြားခဲ့သည်။