“အကျပ်ကိုင်နည်း သံတမန်ရေး”သည် နိုင်ငံအသီးသီးမှ ပြည်သူများ၏ အတူ ဖွံ့ဖြိုးရေး လိုလားချက်ကို ပြုပြင်နိုင်မည် မဟုတ်

(GMT+08:00)2022-05-11 16:47:56  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန် အနေနှင့် သမိုင်း ဖွံ့ဖြိုးရေး ရေစီးကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သိရှိပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေးနှင့် နိုင်ငံအသီးသီးမှ ပြည်သူများ၏ သုခချမ်းသာရေးအတွက် အကျိုးရှိသော ကိစ္စကို များများလုပ်ဆောင်ရန် တိုက်တွန်းပါကြောင်း ယခုလ ၁၀ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

“နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက် မိတ်ဖက်များအဖွဲ့” အဆင့်မြင့် ဗီဒီယို အစည်းအဝေးကို မကြာမီက ကျင်းပခဲ့ရာ အစည်းအဝေး မကျင်းပမီတွင် အမေရိကန်က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများစွာအား ဖိအားပေးပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက်ရန်ကို ဟန့်တားခဲ့သည်ဟု သတင်းရရှိပါသည်။

ကျောက်လိကျန်းက တရုတ်နိုင်ငံသည် ယခင်ကလိုပင် ကုလသမဂ္ဂက ၂၀၃၀ ပြည့်နှစ် အစီအစဉ်တွင် ညှိနှိုင်းဆောင်ရွက်မှု အခန်းကဏ္ဍ၌ ပါဝင်ရန်ကို ထောက်ခံမည် ဖြစ်ကြောင်း၊ မိမိတို့သည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ မိသားစုကြီးနှင့် အတူ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကမ်းလှမ်းချက် ဖေါ်ဆောင်ရေးကို တွန်းအားပေးမည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အစီအစဉ်ကို လျင်မြန်စွာ ဖေါ်ဆောင်ရေးအတွက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။