ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-05-11 16:47:03  

မေလ ၁၀ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သော ၅နှစ်အတွင်း မိမိသည် သမ္မတနှင့် ရင်းနှီးစွာ ဆက်သွယ် ခြင်းဖြင့် တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေး အပြုသဘောဆောင်သော တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန် ဦးဆောင်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အောင်ကျိုးရလဒ် များစွာရရှိရန် တွန်းအားပေးခဲ့ကြောင်း၊ တရုတ်-ဥရောပ ဆက်ဆံရေး ပုံမှန် တည်ငြိမ်စွာ တိုးတက်ခြင်းသည် တရုတ်နှင့် ဥရောပ အပါအဝင် နိုင်ငံအသီးသီးမှ ပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂ၏ အလှည့်ကျ သဘာပတိနိုင်ငံအနေနှင့် တရုတ်-ဥရောပ ဆက်ဆံရေး ပုံမှန်တိုးတက်မှု တိုးမြှင့်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မက်ခရွန်က ပြင်သစ်နှင့်တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိစဉ်ကတည်းက နှစ်ဖက်တို့သည် ပွင့်လင်းသော၊ တက်ကြွသောစိတ်ဓါတ်ကို စွဲကိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ကြကြောင်း၊ ပြင်သစ်နိုင်ငံအနေနှင့် ဥရောပ-တရုတ်ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်လို ကြောင်း ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ ကြပြီး ရုရှားနှင့် ယူကရိန်းကြား စေ့စပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် သက်ဆိုင်ရာဘက်အသီးသီးတို့က ထောက်ခံသင့်ကြောင်း သဘောတူညီခဲ့ကြသည်။