ယခုနှစ် ပထမ၄လတွင် တရုတ်နိုင်ငံခြား သွင်းကုန်ပို့ကုန်ပမာဏသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၉ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2022-05-11 16:50:07  

မေလ ၉ရက်နေ့က တရုတ်အကောက်ခွန်ရုံးချုပ်မှ ထုတ်ပြန်သည့် အချက်အလက် အရ ယခုနှစ် ပထမ၄လတွင် တရုတ်ပြည်၏ နိုင်ငံခြား သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏသည် တရုတ်ယွမ် ဘီလီယံ ၁၂၅၈၀ ဖြစ်ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၉ရာခိုင်နှုန်း တိုးလာကြောင်း၊ ၄င်းအနက် ပို့ကုန်ပမာဏသည် တရုတ်ယွမ် ဘီလီယံ ၆၉၇၀ ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၁၀.၃ ရာခိုင်နှုန်း တိုးလာကြောင်း၊သွင်းကုန်ပမာဏသည် တရုတ်ယွမ် ဘီလီယံ ၅၆၁၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၅ရာခိုင်နှုန်း တိုးလာကြောင်း သတင်းအရသိရပါသည်။