နိုင်ငံရေး ကြိုးကိုင်လုပ်ဆောင်မှု ပြုလုပ်ခြင်းသည် ပိုးဖလံမျိုး မီးကိုတိုးသည့်ပမာ ဖြစ်သွား ပါမည်ဟု တရုတ် ဆို

(GMT+08:00)2022-05-11 16:47:31  

    အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘဆိုက်တွင် မကြာမီက “အမေရိကန်နှင့် ထိုင်ဝမ် ဆက်ဆံမှု အဖြစ်မှန် စာရင်းဇယား” ကို ပြင်ဆင်သည့် ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သမိုင်းကို တလွဲတချော်ဖြစ်အောင် ပြင်ဆင်လို့ မရ သလို အဖြစ်မှန်ကို ငြင်းဆိုလို့ မရကာ အမှန်အမှားကို မဟုတ်မမှန်ဖြစ်အောင် လုပ်၍လည်း မရကြောင်း၊ ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိပြီး ထိုင်ဝမ်သည် တရုတ်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရသည် တစ်ပြည်လုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်နှင့် လူအများ အသိအမှတ်ပြုသော နိုင်ငံတကာ ဆက်ဆံရေးမူပင် ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။