တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ တည်ထောင်ခဲ့သည့် နှစ်၁၀၀ပြည့် အထိမ်းအမှတ် ညီလာခံ ကျင်းပ

(GMT+08:00)2022-05-10 16:25:43  

    တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ တည်ထောင်ခဲ့သည့် နှစ်၁၀၀ပြည့် အထိမ်းအမှတ် ညီလာခံကို ယခုလ ၁၀ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

    တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့သည် ၁၉၂၂ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တရုတ် လူငယ် လှုပ်ရှားမှု အတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့သည်။ မကြာခင်က ထုတ်ပြန်ခဲ့သော “ခေတ်ကာလသစ် တရုတ် လူငယ်”စက္ကူဖြူ စာတမ်းတွင် ၂၀၂၁ခုနှစ်နှစ်ကုန် အထိ တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ဝင် စုစုပေါင်း ဦးရေမှာ ၇၃သန်း ၇သိန်း၁သောင်း ၅ထောင်ရှိပြီ ဖြစ်ကြောင်း ဖော်ပြသည်။