ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညီလာခံတွင် ထိုင်ဝမ် ပါဝင်ရန် တရုတ်သဘော မတူကြောင်း ကျောက်လိကျန်း ဆို

(GMT+08:00)2022-05-10 16:34:19  

ယမန်နေ့ ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုနှစ် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အထွေထွေညီလာခံတွင် ထိုင်ဝမ် ပါဝင်ရန် တရုတ်ပြည်က သဘော မတူကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အထွေထွေညီလာခံကို မေလတွင် ကျင်းပတော့မည့် အခါသမယတွင် ထိုင်ဝမ် နိုင်ငံခြားရေးရာဌာနမှ တာဝန်ခံတစ်ဦးက ထိုင်ဝမ်အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အထွေထွေညီလာခံသို့ ပါဝင်ရေး ဖိတ်ကြားချက်ရရှိရန် အလွန် ခက်ခဲသော်လည်း ၄င်းတို့ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။