တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲသို့ ရှီကျင့်ဖိန်တက်ရောက်မည်

(GMT+08:00)2022-05-09 16:38:07  

တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။