ရှီကျင့်ဖိန်နဲ့ သူ့ မေမေ

(GMT+08:00)2022-05-08 14:07:42  


၉၆၉ ခုနှစ် ဇန်နဝါရီလမှာ အသက် ၁၅ နှစ်သာရှိသေးတဲ့ ရှီကျင့်ဖိန်က ရှန်ရှီး ပြည်နယ်မြောက်ပိုင်းရှိ လျန်ကျားဟိုကို သွားရောက်ခဲ့ပါတယ်။ ထိုအခါ မိခင်ဖြစ်သူ ချီရှင်းက ရှီကျင့်ဖိန်အတွက် အပ်ချုပ်အိတ်တစ်လုံး ကိုယ်တိုင် ချုပ်ပေးခဲ့ပြီး အိတ်ရဲ့ အပေါ်မှာ “အမေ့ရဲ့ နှလုံးသား” လို့ အဓိပ္ပါယ်ရတဲ့ အနီရောင်စာလုံးသုံးလုံး ရေးထိုး ပေးခဲ့ပါတယ်။ ခုနစ်နှစ်ကြာ ပညာတတ်လူငယ်ဘဝမှာ ဒီအိတ်ကလေးက ရှီကျင့်ဖိန်ကို အမြဲ အဖော်ပြုနေခဲ့ပါတယ်။

ဒါဟာ ထန်ခေတ် ကဗျာဆရာ မုန်ကျောင်းရဲ့ကဗျာက ဖော်ညွှန်းတဲ့ မိခင်မေတ္တာနဲ့ တူလှပါတယ်။ “မိခင်က လက်ထဲက အပ်၊ ချည်တွေနဲ့ အဝေးကိုသွားမယ့် ကလေးအတွက် အဝတ်အစား အမြန်ချုပ်လုပ်ပေးနေပါတယ်။ မထွက်ခွာမီ ချုပ်ရိုးတစ်ခုစီနဲ့ ချုပ်နေပြီး ကလေးက အချိန်အကြာကြီး အိမ်မပြန်ရတဲ့အတွက် အဝတ်အစားတွေ ပျက်စီးသွားမှာကို စိုးရိမ်နေတယ်။ သားသမီးတွေရဲ့ မြက်ပင်လေးကဲ့သို့ အားနည်းလှတဲ့ ရိုသေသိတတ်မှုဟာ နွေဦးကဲ့သို့ မိခင်ရဲ့ကျေးဇူးတွေကို ဘယ်လိုကျေးဇူးဆပ်နိုင်ပါမလဲ။”

ရှီကျင့်ဖိန် မိခင်ရဲ့လက်ကို ကိုင်ပြီး မိခင်နဲ့အတူ လမ်းလျှောက်နေတဲ့ ဓာတ်ပုံလေးဟာ မရေမတွက်နိုင်တဲ့လူများစွာကို ခံစားမိစေခဲ့ပါတယ်။