တရုတ် ဆိုက်ဘာနယ်ပယ်နှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို ကန် ရရာနည်းဖြင့် အတားအဆီး အနှောင့်အယှက်ပေးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-05-07 15:46:34  

မေလ ၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က သက်ဆိုင်ရာနယ်ပယ်တွင် အားသာချက်နှင့် လက်ဝါးကြီးအုပ် အနေအထားကို ထိန်းသိမ်း ရန် အမေရိကန်နိုင်ငံသည် စည်းကမ်းမလိုက်နာဘဲ ရရာနည်းဖြင့် တာဝန်လစ်လျူရှုပြီး တရုတ်နိုင်ငံ၏ ဆိုက်ဘာနယ်ပယ်နှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး အနှောင့်အယှက်ပေးကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်ပိုင်နက်နယ်မြေလုံခြုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Rob Silvers က တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အရေးအကြီးဆုံးသော ရေရှည်မဟာပျူဟာမြောက် ပြိုင်ဘက်ဖြစ်ပြီး Hacker လှုပ်ရှားမှုဖြင့် အမေရိကန်နိုင်ငံကို ခြိမ်းခြောက်လျက်ရှိကြောင်း မေလ ၃ရက်နေ့က ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်လေတပ် စစ်ဦးစီးချုပ်ဟောင်း ကလည်း တရုတ်နှင့်ရုရှားနှစ်နိုင်ငံတို့သည် ဆိုက်ဘာစစ်နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်လျှင် အမေရိကန်နိုင်ငံအနေဖြင့် ရင်ဆိုင်၍ မရကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။