တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီ အစည်းအဝေး ကျင်းပ၊ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ စီမံခန့်ခွဲ

(GMT+08:00)2022-05-06 13:21:32  

ယခုလ ၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီသည် အစည်းအဝေးကို ကျင်းပပြီး မျက်မှောက် ကိုဗစ်-၁၉ ကူးစက် ရောဂါ ထိန်းချုပ်ကာကွယ်ရေး အခြေအနေများကို လေ့လာသုံးသပ်ကာ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း မိမိတို့သည် ပြည်သူများကို ထိပ်ဆုံးနေရာ၌ ထားခြင်း၊ အသက်ကို ထိပ်ဆုံးနေရာ၌ ထားခြင်းမူကို စွဲကိုင်ပြီး Dynamic zeroing ကိုစွဲကိုင်ကာ လက်တွေ့အခြေအနေအရ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ချက် များကို အဆက်မပြတ် ညှိနှိုင်း၍ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် အရေးကြီး မဟာဗျူဟာမြောက် အောင်ကျိုးရလဒ်များကို ရရှိ နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကူးစက် ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ချက်များသည် သိပံ္ပနည်းကျပြီး အကျိုး သက်ရောက်မှု ရှိကြောင်း၊ မိမိတို့သည် ဝူဟန့် ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အောင်မြင်မှု ရနိုင်ခဲ့သလို ရှန်ဟိုင်း ကူးစက်ရောဂါ တိုက်ဖျက်ရေး အောင်ပွဲလည်း ရနိုင်မှာ သေချာကြောင်း ဖေါ်ပြထားပါသည်။