မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း၌ ပြိုကျမှု ထပ်မံဖြစ်ပွား၊လူ (၈)ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-05-06 13:31:17  

ဒေသစံတော်ချိန် မေလ ၅ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း၌ ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့သောကြောင့် လူ(၈)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းအနက် (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြိုကျမှုဖြစ်ပွားရာနေရာ၌ ရှုပ်ထွေးသောကြောင့် အသေးစိတ် သေကျေဒဏ်ရာရရှိမှု မသိရှိသေးကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူများကိုဆေးရုံသို့ ပို့ဆောင်ပြီဖြစ်ပြီး ကယ်ဆယ်ရေးသမားများသည် အခြားပျောက်ဆုံးသူများကို ရှာဖွေ နေဆဲ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။