အမေရိကန်က လူ့အခွင့်အရေးနှင့် နိုင်ငံအင်အားကို အလွဲသုံးစားပြုခြင်းဖြင့် တရုတ်ကုမ္ပဏီများကို အကြောင်းမဲ့ ဖိနှိပ်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ကန့်ကွက်

(GMT+08:00)2022-05-06 12:19:09  

အမေရိကန် အစိုးရသည် လူ့အခွင့်အရေးကျူးလွန်မှုကို အကြောင်းပြပြီး သက်ဆိုင်ရာတရုတ်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူရန် စဉ်းစားနေပြီး ပိတ်ဆို့အရေးယူရန် အကြောင်းအရင်းက တရုတ်ကုမ္ပဏီများက ရှင်းကျန်း မူဆလင်များ၏ လူ့အခွင့်အရေးကို ကျူးလွန်ခြင်းဖြစ်သည်ဟု သတင်းထောက်တစ်ဦးက မေလ ၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ပါသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် သက်ဆိုင်ရာအကြောင်းအရာများကို အာရုံစိုက်ပြီး အမေရိကန်က လူ့အခွင့်အရေးနှင့် နိုင်ငံအင်အားကို အလွဲသုံးစား ပြုခြင်းဖြင့် တရုတ်ကုမ္ပဏီများကို အကြောင်းမဲ့ ဖိနှိပ်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။