အမေရိကန်နှင့် သြစတြေးလျတို့က တရုတ်-ဆော်လမွန်ကျွန်းစု လုံခြုံရေး သဘော တူညီချက်ကို ပြစ်တင်ခြင်းသည် စံနှုန်းနှစ်မျိုးထားခြင်းဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2022-05-06 12:19:58  

ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် ဆိုဂါဗာရေသည် ဧပြီ ၂၉ ရက်က လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ဩစတြေးလျနှင့် ချုပ်ဆိုထားသော လုံခြုံရေးသဘောတူညီချက်တွင်  မလုံလောက်ဖွယ်ရာ ရှိသောကြောင့် ဆော်လမွန်ကျွန်းစုသည် တရုတ်နှင့် လုံခြုံရေး သဘော တူညီချက်ကို ချုပ်ဆိုခဲ့ကြောင်း၊ ဆော်လမွန် ကျွန်းစုသည် စစ်ပွဲ၏ နစ်နာဆုံးရှုံးမှုကို သိသောကြောင့် ပစိဖိတ်ဒေသ စစ်ရေးပြုမှုကို လက်ခံမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်ဟု သတင်းအရ သိရပါသည်။ ဆိုဂါဗာရေသည် သြစတြေးလျကို ပစိဖိတ်ကျွန်း နိုင်ငံများနှင့် မတိုင်ပင်ဘဲ ၂၀၂၁ ခုနှစ်တွင် အမေရိကန်၊ဗြိတိန်တို့နှင့် သုံးပွင့်ဆိုင် လုံခြုံရေးမိတ်ဖက် တည်ထောင်ခဲ့ခြင်းကိုလည်း ပြစ်တင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလ ၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက ၀န်ကြီးချုပ်ဆိုဂါဗါရေ ပြောတာကောင်းမွန်ပြီး ၎င်း၏သက်ဆိုင်ရာ သဘောထားဖေါ်ပြချက်သည် ပစိဖိတ်ကျွန်း နိုင်ငံများ၏ သဘောထားများကို ဖော်ပြကာ အမေရိကန်နှင့်သြစတြေးလျ တို့က တရုတ်အပေါ် ပြစ်တင်မှုများသည် လုံးဝစံနှုန်းနှစ်မျိုးထားခြင်းဖြစ်သည်ဟု သူ၏ စကားများက ပြဆိုထားကြောင်း ပြောကြားသည်။