အမေရိကန်နှင့် သက်ဆိုင်ရာနိုင်ငံများအား ထိုင်ဝမ်ရေးရာအပေါ် သတိရှိရှိ ကိုင်တွယ် ဖြေရှင်းရန် တရုတ်တိုက်တွန်း

(GMT+08:00)2022-05-06 12:18:23  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက ထိုင်ဝမ် ရေးရာသည် တရုတ် ပြည်တွင်းရေးရာဖြစ်၍ မည်သည့်နိုင်ငံမဆို ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း မေလ ၅ ရက်နေ့တွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာသတင်းအရ ယခုနှစ် မတ်လအစောပိုင်းတွင် အမေရိကန်နှင့် ဗြိတိန် တို့သည် အာရှ-ပစိဖိတ်ရေးရာ  ညှိနှိုင်းဆွေးနွေးခြင်းကာလအတွင်းတွင် ပူးပေါင်း ဆောင်ရွက်မှု အားဖြည့်ပြီး ထိုင်ဝမ်ရေလက်ကြားတွင် စစ်ပွဲအန္တရာယ်ကို လျှော့ချခြင်းနှင့် ပဋိပက္ခကို အရေးပေါ် ရင်ဆိုင်ခြင်းအစီအစဉ်များကို ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြ သည်ဟု သိရပါသည်။