တရုတ်နိုင်ငံသည် အမေရိကန်၏ မဟုတ်မမှန် သတင်းလုပ်ကြံတိုက်ခိုက်မှု၏ ထိခိုက်ခံရသူ ဖြစ်မြဲဖြစ်နေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-05-06 12:20:48  

မေလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

သတင်းထောက်တစ်ဦးက မကြာခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် တရုတ်အရာရှိများနှင့် မီဒီယာများက ယူကရိန်းနှင့်ပတ်သက်သည့် "ဝါဒဖြန့်ခြင်း၊ ပူးပေါင်းကြံစည်မှုသီအိုရီများနှင့် မှားယွင်းသောအချက်အလက်များ" ကို ဖြန့်နေသည်ဟု ဖေါ်ပြကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ကျောက်လိကျန်းက အမေရိကန်ဆိုင်ရာ တရုတ်သံရုံးသည် ယင်းကိုတုံ့ပြန်ပြီးပြီဟု သတိထားမိကြောင်း၊ မမှန် မကန် သတင်းဖြန့်ခြင်းတွင် တရုတ်က ရုရှားကိုကူညီနေသည်ဟု အမေရိကန်က ပြစ်တင်ခြင်းသည် ယင်းကိုယ်တိုင်က မဟုတ်မမှန် သတင်းဖြန့်ခြင်းပင်ဖြစ်ကြောင်း၊ အမေရိကန်က ထိုကဲ့သို့သော ဆောင်းပါးကို ရေးသားခြင်းသည် အမေရိကန်သည် အကြီးမားဆုံး မုသားစကားဖန်တီးစက်ဖြစ်သည်ဟု ထပ်မံပြဆိုထားကြောင်း ပြောကြား ပါသည်။