ဒီဇယ်ဈေးမြင့်တက်လာသောကြောင့် ထိုင်းငါးဖမ်းသမားများသည် ငါးဖမ်းခြင်းကိုရပ်ဆိုင်း

(GMT+08:00)2022-05-04 11:02:03  

မေလ ၃ ရက် နေ့တွင် ဒီဇယ်ဈေး မြင့်တက်မှုကြောင့် ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသရှိ ငါးဖမ်းလှေများ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဒီဇယ်ဈေးကြီးမြင့်မှုကိုမခံနိုင်သောကြောင့် ငါးဖမ်းခြင်းကိုရပ်ဆိုင်းမည်ဟု ငါးဖမ်းသမားများက ပြောသည်။

ထိုင်းဒီဇယ်ကို သာမန်ဒီဇယ်နှင့် ငါးဖမ်းလှေများအတွက် အထူးဒီဇယ် ၂ မျိုးခွဲထားသည်။ ယခင်က အစိုးရထောက်ပံ့ကြေးမှာ အတော်အတန်များပါသည်။ သို့သော် ငွေကြေးအခက်အခဲကြောင့် အစိုးရကထောက်ပံ့ကြေးကို မေလမှစ၍ လျှော့ချလိုက်သဖြင့် ဒီဇယ်ဈေးမြင့်တက်သွားပြီး ပင်လယ်ကို သွားရောက် ငါးဖမ်းသော ကုန်ကျစရိတ်များစွာ မြင့်တက်စေခဲ့သည်။