တရုတ်-လာအို ရထားလမ်း နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ် ကျင့်သုံးသည့် ငါးလအတွင်း နိုင်ငံတကာ ကုန်စည် ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးသည် ယွမ် ၅ ဘီလီယံကျော်ရှိ

(GMT+08:00)2022-05-04 10:51:49  

မေလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်းတွင် ပလောပီနံမှုန့် တန် ၅၀၀ သယ်ဆောင်ထားသော ကုန်သေတ္တာ ၂၅ ခု တင်ဆောင်သည့် နိုင်ငံတကာ ကုန်တင် ရထား တစ်စင်းသည် တရုတ်နိုင်ငံ ကူမင်းမြို့ အကောက်ခွန်ဌာန၏ ကြပ်မတ်မှုအောက်တွင် ယူနန် ပြည်နယ် မိုးကန့် ဂိတ်မှ ထွက်ခွာပြီး စီချွမ်းပြည်နယ်သို့ ပြေးဆွဲသွားခဲ့သည်။ ယင်းသည် တရုတ်-လာအို ရထားလမ်းတွင် နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ် ကျင့်သုံးခဲ့သည့် နောက်ပိုင်း ပထမဆုံး ဖြတ်ကျော် ပြေးဆွဲခဲ့သော နိုင်ငံတကာ ကုန်တင်ရထားပင် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခဲ့ခြင်းမှ ယနေ့အထိ ငါးလကြာကာလအတွင်း ကူမင်း အကောက်ခွန်ဌာနမှ ကြပ်မတ်မှုဖြင့် တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ကုန်တင်ရထား ၈၈၂ စင်း ဖြတ်ကျော် ပြေးဆွဲခဲ့ပြီ ဖြစ်ပြီး ကုန်စည် ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးသည် ယွမ် ၅့ ၀၄၃ ဘီလီယံ ရှိသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

   ရထားလမ်း နယ်စပ်ဂိတ် အမြန်ဖြတ်ကျော်စနစ်သည် တရုတ် အကောက်ခွန်ဌာနချုပ်က ပြည်တွင်းပိုင်း ရထားသွင်းကုန်ပို့ကုန်များ နယ်စပ်ဖြတ်ကျော်မှု အဆင်ပြေစေရန်အတွက် ကုန်သေတ္တာတင်ရထားများကို ရည်ညွှန်းသော ဆန်းသစ်သည့် ကြပ်မတ်ရေး စနစ် ဖြစ်ပါသည်။