ရှီကျင့်ဖိန်သည် အရှေ့တီမော သမ္မတ အဖြစ် အရွေးခံခဲ့ရသော ဟောလ်တာ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-05-04 11:08:18  

မေလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရှေ့တီမော သမ္မတအဖြစ် အရွေးခံခဲ့ရသော ဟောလ်တာ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်-အရှေ့တီမော သံတမန်ဆက်ဆံရေး ထားရှိခဲ့သော နှစ် ၂၀ အတွင်း နှစ်နိုင်ငံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြား နက်ရှိုင်းလာပြီး နှစ်ဖက်ဆက်ဆံရေး လျင်မြန်စွာ တိုးတက်လာကြောင်း၊ မိမိသည် တရုတ်-အရှေ့တီမော ဆက်ဆံရေး တိုးတက်မှုကို လွန်စွာ အလေးထားပြီး သမ္မတ ဟောလ်တာနှင့်အတူ တရုတ်-အရှေ့တီမော အိမ်နီးချင်းကောင်းချစ်ကြည်ရေး၊ အပြန် အလှန် ယုံကြည်ပြီး အပြန်အလှန် အကျိုးရှိစေသော ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု အဆင့်သစ်သို့ တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ဖေါ်ပြခဲ့သည်။