အချိန်ရှိခိုက် လုံ့လစိုက်၊ ခေတ်နှင့် ပြည်သူများ၏ မျှော်လင့်ချက်အတိုင်း အားသွန်ခွန်စိုက် ဆောင်ရွက်ကြ

(GMT+08:00)2022-05-04 11:16:08  

မေလ ၄ ရက် လူငယ်များနေ့ ရောက်ရှိသည့်အခါသမယတွင် လုပ်ငန်း နယ်ပယ် အသီးသီးမှ အလုပ်ကြိုးစားနေသော လူငယ်များအား ပွဲတော်နေ့ ဆုမွန်ကောင်း ပို့သပါသည်။ လူငယ်များ ရှင်သန်လျှင် တိုင်းပြည် ရှင်သန်မည်ဖြစ်ပြီး လူငယ်များ အားကောင်းလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အားကောင်းမည်ဖြစ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီနှင့် နိုင်ငံတော်လုပ်ငန်းများ အဆက်ဆက် ဆက်ခံရေး မဟာဗျူဟာ ရှုထောင့်၌ ရပ်တည်ပြီး လူငယ်များ၏ လုပ်ငန်းကို တလျှောက်လုံး အာရုံစိုက်အလေးထားကာ လူငယ်များ ရှင်သန်မှုကို လေးလေးနက်နက် အလေးထားပါသည်။