ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ရဟတ်ယာဉ် တရားမဝင် အသုံးပြုမှုကို ဒေသစံတော်ချိန် မေလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်၌ ခုံရုံးဖွင့် မေးမြန်းစစ်ဆေးခဲ့သည်။ ယင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အဂတိလိုက်စားမှုများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အဓိကအားဖြင့် ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာကျင့်သုံးစဉ်တွင် ဘေးကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်များကို ငှါးရမ်း ဝယ်ယူခြင်း ဖြစ်စဉ်၌ ဥပဒေ ချိုးဖောက်သည်ဟု သံသယ ရှိကြောင်း သတင်းရရှိပါသည်။
ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ရဟတ်ယာဉ် တရားမဝင် အသုံးပြုမှုကို ခုံရုံးဖွင့် မေးမြန်းစစ်ဆေး
(GMT+08:00)2022-05-04 10:54:25