ရှန်ဟိုင်းမြို့သည် လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် ဆောင်ရွက်ချက် ၁၅ ချက်ကို ထုတ်ပြန်

(GMT+08:00)2022-05-04 11:37:43  

မကြာမီက ရှန်ဟိုင်းဘဏ်နှင့် အာမခံ လုပ်ငန်း ကြီးကြပ်ရေး ဦးစီးဌာနသည် မြို့သူမြို့သားများနှင့် ကုမ္ပဏီလုပ်ငန်းများအား အကျိုးပြုရေး ဆောင်ရွက်ချက် ၁၅ ချက်ကို ထုတ်ပြန်ခဲ့ရာ  မြို့တွင်းဘဏ်နှင့် အာမခံအဖွဲ့အစည်းများအား ကုန်ထုတ်လုပ်မှု ပြန်လည် စတင်ရေး ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများကို ကောင်းမွန်စွာ ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

အဆိုပါ ဆောင်ရွက်ချက်များသည် ဘဏ်ချေးငွေထောက်ပံ့မှု တိုးမြှင့်ရေးနှင့် ကုန်စည် စီးဆင်းမှု အဆင်ပြေ ချောမောစေရေး စသဖြင့် ပါဝင်ပါသည်။