ချူမူလန်မာတောင် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၈၃၀၀ရှိ စခန်းသို့ တရုတ် သိပံ္ပပညာ လေ့လာရေးအသင်း တက်သွားမည်

(GMT+08:00)2022-05-03 13:52:18  

မေလ ၂ ရက်နေ့ ည ၇ နာရီခန့်က တရုတ် သိပ္ပံပညာလေ့လာရေးအသင်းမှ အဖွဲ့ဝင် ၁၄ ဦးတို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၇၀၂၈ မီတာ ဖြစ်သည့် ချူမူလန်မာတောင်ရှိ စခန်းသို့ အောင်မြင်စွာ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မျက်မှောက်အချိန်တွင် ယင်းစခန်း၌ ရာသီဥတု ကောင်းမွန်ပြီး အဖွဲ့ဝင်များထဲက တစ်ဦး နေမကောင်းသည်လွဲ၍ ကျန်အဖွဲ့ဝင်များ ကျန်းမာရေးအခြေအနေ ပုံမှန်ဖြစ်နေကြောင်း၊ မေလ ၃ ရက်နေ့ နံနက်  ၉ နာရီတွင် သိပံ္ပပညာ လေ့လာရေးအသင်းမှ အဖွဲ့ဝင် ၁၃ ဦးတို့သည် ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၈၃၀၀ အမြင့်နေရာရှိ စခန်းသို့ ထွက်ခွာသွားပြီး ည ၆ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မေလ ၄ ရက်နေ့ မိုးလင်းပိုင်း ၃ နာရီတွင် တောင်ထိပ်သို့ တက်သွားမည်ဖြစ်ကြောင်း ချူမူလန်မာတောင် သိပ္ပံပညာလေ့လာရေး ဌာနချုပ်မှ သတင်းအရ သိရပါသည်။