မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ပီကင်းမြို့ မြို့နယ် ၁၂ ခုတွင် nucleic acid တိုင်းတာ စစ်ဆေးမှု သုံးကြိမ် ဆက်တိုက် ပြုလုပ်မည်

(GMT+08:00)2022-05-03 13:55:13  

မေလ ၂ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော ပီကင်းမြို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး သတင်းစာရှင်းလင်းပွဲတွင် ပီကင်း ကျန်းမာရေးကော်မတီ ဒုဥက္ကဋ္ဌ၊ ပြောရေးဆိုခွင့်ရှိသူ လီအန်က ကိုဗစ် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို အမြန်ဆုံး တားမြစ်နိုင်ရန်အတွက် မေလ ၃ ရက်နေ့၊ ၄ ရက်နေ့၊ ၅ ရက်နေ့တွင် ပီကင်းမြို့ မြို့နယ် ၁၂ ခု၌ nucleic acid တိုင်းတာ စစ်ဆေးမှု သုံးကြိမ် ဆက်တိုက် ပြုလုပ်မည် ဖြစ်ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့က စပြီး ပီကင်းမြို့တွင် nucleic acid တိုင်းတာ စစ်ဆေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး ကူးစက်ရောဂါ ပျံ့နှံ့မှု အန္တရာယ် ရှာဖွေတွေ့ရှိခြင်း၊ ထိန်းချုပ်ခြင်းနှင့် တားမြစ်ခြင်း အတွက် အရေးကြီးသော အကျိုးသက်ရောက်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။