ချမ်ရှားမြို့ မြို့သူမြို့သားများ ကိုယ်တိုင် ဆောက်ထားသော တိုက်အိမ် ပြိုကျမှုတွင် ပိတ်မိနေသော မိန်းကလေး ကယ်တင်ခံရ

(GMT+08:00)2022-05-03 13:56:51  

မေလ ၂ ရက်နေ့ည ၇ နာရီကျော်တွင် တရုတ်ပြည် ဟူနန်ပြည်နယ် ချမ်ရှားမြို့ မြို့သူမြို့သား ကိုယ်တိုင် ဆောက်ထားသော တိုက်အိမ် ပြိုကျမှုတွင် ၇၉ နာရီကြာ ပိတ်မိနေသည့် မိန်းကလေးတစ်ဦးသည် ကယ်တင်ခံခဲ့ရပါသည်။ ယင်းသည် ကယ်တင် ခံရသော အမမြောက် ပိတ်မိနေသူပင် ဖြစ်သည်။

   ချမ်ရှားမြို့ မီးသတ် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ လီဝင်ချိုင်က ဒီမိန်းကလေးရဲ့ ခြေထောက် နှစ်ဖက်စလုံးဟာ ပြိုကျတဲ့ အဆောက်အဦး အောက်မှာ ဖိမိခံထားရ တာကြောင့် အစတုန်းက မတတ်နိုင်ဘဲ ခြေထောက်ကို ဖြတ်ရမယ်လို့ စီစဉ်ခဲ့တယ်။ နောက်ပိုင်းမှာ မိန်းကလေးရဲ့ ခြေထောက်ကို တတ်နိုင်သလောက် မဖြတ်ရအောင် ကြိုးစားကြည့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့က အခက်အခဲများ ကျော်လွှားပြီး ပိုနက်အောင် ဆက်လက် တူးဖေါ်ခဲ့တယ်။ သုံးလေးငါးနာရီ ကြိုးပမ်းပြီးနောက် ကျွန်တော်တို့ဟာ အဲဒီမိန်းကလေးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်။ အဲဒီအခါ ဒီမိန်းကလေးရဲ့ ခြေထောက်တွေ ဖြတ်စရာမလိုတော့ဘူး အစုံလိုက်ပဲရှိပြီလို့ ရှင်းလင်း ပြောကြားခဲ့ပါသည်။