ရှန်ဟိုင်းနိုင်ငံတကာပြပွဲစင်တာသစ်ယာယီဆေးရုံမှ လူပေါင်း၃သောင်းကျော် ဆင်းခွင့်ရခဲ့သည်

(GMT+08:00)2022-05-02 13:44:49  

ရှန်ဟိုင်းနိုင်ငံတကာပြပွဲစင်တာသစ်ယာယီဆေးရုံ၏ကွပ်ကဲရေးစင်တာမှသတင်းအရမေလ ၁ ရက်နေ့တွင် လူ ၁၁၁၉ ဦးအားယာယီဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း၊မေလ ၁ ရက်နေ့အထိလူပေါင်း ၃ သောင်းကျော် ယာယီဆေးရုံမှ ဆင်းခွင့်ရပြီးလူပေါင်း ၆၀၀၀ ကျော်ကိုဆေးရုံတွင် ကုသပေးနေပြီးအဓိကအားဖြင့် ရောဂါလက္ခဏာမပြသောလူနာနှင့်အပျော့စားလူနာများဖြစ်ကြောင်းသိရပါသည်။

ရှန်ဟိုင်းနိုင်ငံတကာပြပွဲစင်တာသစ်ယာယီဆေးရုံသည် လက်ရှိတွင် ခုတင် ၁၃၃၀၉ ခု ရှိပြီးရှန်ဟိုင်းနှင့် ထျန်ကျင်း၊ဟူဘေ၊ကျန်းရှီးနှင့် စန်းရှီးတို့မှ ဆေးဘက်ဆိုင်ရာအဖွဲ့များကစီမံခန့်ခွဲလျက်ရှိသည်။