စူပါဗို့အားမြင့် လျှပ်စစ်လိုင်း ဝန်ထမ်း ဝမ်ကျင့်

(GMT+08:00)2022-05-02 13:43:06  

  မေလ ၁ ရက်နေ့ ရုံးပိတ်ရက်ရှည် မတိုင်ခင်က တရုတ် နိုင်ငံတော် လျှပ်စစ်ဓါတ်အား ကွန်ရက် အုပ်စု စမ်းတုန်း ပြည်နယ် စူပါဗို့အားမြင့် လျှပ်စစ်ဓါတ်အား ကုမ္ပဏီဟာ ကီလိုဝပ် ၅၀၀ လျှပ်စစ်လိုင်းရှည် စစ်ဆေးမွမ်းမံရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ လျှပ်စစ်လိုင်း စစ်ဆေး မွမ်းမံရေးအဖွဲ့ ဒုအဖွဲ့မှူး ဝမ်ကျင့်က ကြပ်မတ် လမ်းညွှန်ရေး လုပ်ငန်းကို လက်တွေ့ တာဝန်ယူ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။

  စူပါဗို့အားမြင့် လျှပ်စစ်လိုင်း စစ်ဆေး မွမ်းမံရေး လုပ်သား ဝန်ထမ်း တစ်ဦး ဖြစ်တဲ့ ဝမ်ကျင့်ဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံးသော ±660kV တိုက်ရိုက်လျှပ်စီး လျှပ်စစ်လိုင်း စစ်ဆေး မွမ်းမံမှုကို လုပ်ဆောင် နိုင်ခဲ့သူ ဖြစ်ပြီး နိုင်ငံတော် သိပံ္ပနည်းပညာ တိုးတက်ရေး ဒုတိယ ဆရသူလည်း ဖြစ်ပါတယ်။ ဝမ်ကျင့်နဲ့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တို့ဟာ ပထမ ဦးဆုံးသော “±660kV တိုက်ရိုက်လျှပ်စီး လျှပ်စစ်လိုင်း စစ်ဆေး မွမ်းမံရေးနည်းပညာ လမ်းညွှန်ချက်” စာအုပ်ကို ရေးသားပြုစုပြီး ယင်းနယ်ပယ်၏ နိုင်ငံတကာ၌ နည်းပညာ ကွက်လပ်မှုကို ဖြည့်စွက်နိုင်ခဲ့ပါတယ်။